ဦးလွင်မိုးနဲ့ အတွေ့အကြုံရှိတဲ့ ဖခင်ကြီးဦးဇင်ဝိုင်းကြောင့် ကပ်သီလေး လွတ်မြောက်လာရတဲ့ သူတို့ အကြောင်းကို ဖွင့်ချလိုက်တဲ့ မင်းမော်ကွန်း

Posted on

မင်းသား ချော မင်းမော်ကွန်း က တော့ သရုပ်ဆောင် ပိုင်း မှာ သာမက အဆို ပိုင်းမှာပါ အရည် အချင်း ပြည့်ဝသူ တစ်ဦး ဖြစ်ပါ တယ် ။ ပရိသတ် တွေကို လည်း ဖော် ရွေ ရင်းနှီးစွာ ဆက်ဆံ တတ်တဲ့ မင်းမော်ကွန်း က အခုအချိန် မှာ အားလုံးနဲ့ အတူ တစ်သားတည်း ရပ်တည် နေတာ ဖြစ်ပါ တယ် ။ မင်းမော်ကွန်း က နေ့တိုင်း လမ်းပေါ် ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ရဲဝင့်တက်ကြွစွာ လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေကပါ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုကာ ချီးကျူးနေရတာပဲ ဖြစ်ပါတယ်  ။

မင်းမော်ကွန်း က သူ့ရဲ့ ဖခင်ကြီး ဦးဇင်ဝိုင်း ပါဝင် တဲ့ အနုပညာရှင် များအဖွဲ့နဲ့ အတူ အရေးကြီးတဲ့ နေရာတွေ ကို အုပ်စုလိုက် သွားရောက်ပြီး လူထု လှုပ်ရှားမှု တွေ ပြုလုပ် နေတာ ဖြစ်ပါ တယ် ။ မနေ့ က လည်း မင်းမော်ကွန်း က ထိုင်း သံရုံး က နေ မြေနီကုန်းကို သွားရောက် ရင်း ကြုံတွေ့ ခဲ့ရတဲ့ အဖြစ် အပျက် တစ်ခုကို ပြော ပြထား တာ ဖြစ် ပါတယ် ။ မင်းမော်ကွန်း က “ အမှတ် တရ ၄၂  ဒီနေ့ ထိုင်း သံရုံး ရောက်တယ် ရဲကားတွေ လာနေပြီလူစုခွဲ ပါလို့ ဘယ်သူက ဘယ်လိုစလိုက်မှန်း မသိဘူး တစ်ချို့က စိုးရိမ်ပြီး ထကြ တောင်တစ်ဖွဲ့မြောက် တစ်ဖွဲ့တွေ ပေါ့ ပြီးတော့မှ လူပြန်စု ကိုယ့်ကားပေါ် ကိုယ်တက် မြေနီကုန်းဘက် ဆက်ချီတက်တယ် ပေါ့ မြေနီကုန်းရောက် တော့မှ အဖေနဲ့ ကိုလွင်မိုး က အားလုံးစု ခိုင်းပြီး စကားပြော တယ် အဖေ့ စကားခုထိ နားထဲက မထွက်ဘူး မင်းတို့ဘာလို့ ဖရိုဖရဲဖြစ်ကြ တာလဲ ငါတို့လူကြီးတွေကို သတင်းပို့ပြီး သွားသင့်တယ်ဆို သွား ရွှေ့သင့်တယ်ဆိုမှ ရွှေ့ကြပေါ့ ခုတော့ ဟိုလူက တစ်လမ်း ဒီလူက တစ်လမ်းနဲ့ မင်းတို့ကို ထိပ်တိုက်တွေ့ ရမယ် ပြောနေတာ မဟုတ်ဘူး လူကြီး တွေ စကားနား ထောင်ပြီး တညီတညွတ် တည်း လုပ်သင့်တာ လုပ်ဖို့ပြောနေတာ မတရားတဲ့ အာဏာမှန် သမျှ ရသလောက်တော့ ဖီဆန်ကြရမှာ ပဲတဲ့ ပြီးတော့ ရှင်စောပုလမ်း က စချီ တက်တယ် တံတားကို ပတ်ပြီးကြွေးကြော်သံ တွေအော် ”

“ တံတားအောက် ရှင်စောပု လမ်းဘက် အခြမ်း အပြန် လမ်းနဲ့ အနီးဆုံး မှာ နေရာ ယူဖို့ ကိုလွင်မိုးက သတိပေးတယ် မကြာပါဘူး ရဲကားတွေ အများကြီး ရောက်လာပြီး ပွဲကြမ်းကြတော့ တာပဲ အဖေနဲ့ ကိုလွင်မိုးက အရမ်းမပြေး ဖို့ လူစုမကွဲဖို့ အော်ပြီး သတိပေး တယ် အဲ့ဒီတော့မှ မြေနီကုန်းမှာ စုနေတဲ့ ဆေးကျောင်းသားလေးတွေ CDM သမား တွေ ကျွန်တော်တို့ အနုပညာရှင် တွေ သတိဝင်ပြီး အရမ်းမပြေးပဲ  ခပ်သုတ်သုတ် လူစုခွဲ လိုက်ကြတယ် တစ်ချို့လည်း စမ်းချောင်းထဲဝင်ပုန်း ကြပေါ့ ကားပေါ် ရောက်တော့ Live တွေ ချက်ချင်းတက် လာတယ် ​လက်နက်မဲ့ကျောင်းသား ပြည်သူတွေကို အတင်းအဓ္ဓမ ရိုက်နှက်ဖမ်းဆီးကြ သတင်းထောက် တစ်ချို့လည်း အဖမ်းခံရပေါ့ အားလုံးစုရပ်ကို ပြန်ရောက်လို့ အကုန်ဘေးကင်းတော့မှ ပဲ သက်ပြင်းချနိုင် တာပါ အဲ့တော့မှ အဖေ နေမကောင်းတဲ့ကြား က အရမ်း ပင်ပန်းနေတဲ့ကြားထဲက  ဘာလို့နေ့တိုင်း လိုက်နေရတာလဲ ဆိုတာကို ကျွန်တော် သဘောပေါက် သွားတယ် ကျွန်တော် အပါအဝင် သူ့သားသမီးတွေလို သဘောထားတဲ့ သူ့လောကသားတွေကို စိတ်မချလို့ပေါ့ လူငယ်တွေ အတွေးအခေါ်ကောင်း ကြပေမယ့် အတွေ့အကြုံ ရှိတဲ့လူကြီးတွေကြောင့် သာ ကျွန်တော်တို့ သီသီလေး လွတ်မြောက် လာတာပါ ကျေးဇူးပါ အဖေ ကျေးဇူးပါကိုလွင်မိုး ၂၆.၂.၂၀၂၁ အမှတ်တရ  ”  ဆိုပြီး ရေးသား ထားတာ ဖြစ်ပါ တယ် ။ မင်းမော်ကွန်း က တော့ ဖခင်ကြီးဇင်ဝိုင်း နဲ့ ဦးလွင်မိုး တို့ကို ကျေးဇူးတင် စကားဆိုထားတာပဲ ဖြစ်ပါ တယ်  ။

source  &   photo  credit  :  Kyaw  Kyaw  Htay  Lwin ’ s  fb  acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *