အလုပ်တွေကြိုးစားရင်းက ဒဏ်ရာတွေရသွားတဲ့ မင်းသမီးချောလေး ဧငြိမ်းဖြူ

Posted on

အသားဖြူဖြူ ဖွေးဖွေးလေး နဲ့ ကိုရီးယား မင်းသမီး လို့ တောင် ထင်မှတ် နေရ သူလေး ကတော့ သရုပ် ဆောင် မင်းသမီး ချောလေး ဧငြိမ်းဖြူ ပဲ ဖြစ်ပါ တယ် ။ သူမဟာ ကတ်ဆက် ဇာတ်လမ်း တိုများတွင် ပါဝင် သရုပ်ဆောင် ရာမှတစ်ဆင့် အနုပညာ လမ်းကြောင်းပေါ် ကို စတင် ဝင်ရောက် လာတာလည်း ဖြစ်ပါ တယ် ။ နေပုံ ထိုင်ပုံ လေး ကလည်း ရိုးရှင်း ပြီး စကားပြော ချိုသာလွန်း တာကြောင့်လည်း ပရိသတ် တွေက ချစ်မဝ ဖြစ်နေ ကြတာလည်း ဖြစ် ပါ တယ် ။

ဧငြိမ်းဖြူ ဟာ အနုပညာ အပေါ်  အရမ်းကို ရူးသွပ် စွဲလမ်း သူတစ်ဦး ဖြစ်ပြီး ပရိသတ် တွေ အ တွက် အမြဲ စေတနာ ထားကာ ကြိုးစား လုပ်ကိုင် နေတာ လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အမိုက်စား ကကွက်လေး တွေနဲ့ ရိုက်ကူး ထားတဲ့ Cover Dance Video လေးတွေကို လည်း အမြဲတင် ပေးနေသူ တစ်ဦးလည်း ဖြစ်ပါ တယ်။ သူမ ရဲ့ လှုပ်ရှားမှု တွေ တိုင်းကို လည်း အမြဲတင် ပေးလေ့ ရှိပြီး မကြာသေး ခင် နာရီပိုင်းလောက် ကလည်း ဧရဲ့  Facebook Story မှာ ပုံလေး တစ်ပုံ တင်ထား တာပဲ ဖြစ် ပါတယ် ။

ဒါက တော့ ဒူးမှာ ပွန်းပဲ့ ဒဏ်ရာတွေရတဲ့ အထိရှုတင် မှာ ကြိုးစား ပမ်းစား ရိုက်ကူးရေး တွေလုပ် နေတဲ့ ပုံလေး ကို တင်ထား တာပဲ ဖြစ်ပါ တယ် ။ သူမ က လည်း ” ဒါက တော့ ဒီနေ့ Shooting မှာ ကရင်း ရတဲ့ ဒဏ်ရာလေး တွေပေါ့ရှင် အကောင်း ဆုံး ကြိုးစား ထားတာ ပါနော် ။ ပင်ပန်းရကျိုး နပ်အောင် အားပေး ဖို့သာ ပြင် ထားနော် အချစ် တို့ ” ဆိုပြီးရေး သားထား တာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ် နော် …

source  and  photo  crd  :  A  Nyein  Phyu ’ s  Facebook  Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *