အန်တီရယ် ပြောသွားတဲ့စကားတွေထဲ က နောက်ဆုံးစကားလေးက အရမ်းကိုလေးစားဖို့ကောင်းတယ်

Posted on

” အမ လုပ် တာ ဘာမှ မရှိတာ ။ ဆန္ဒပြတဲ့ သူတွေ အချဉ်ပေါင်း ဝေတာပဲ ရှိ တာ  “ သီးစုံ အချဉ်ပေါင်း ရောင်းသူ မုံရွာမြို့  ထန်းတော ညောင်ရိပ် သာ ရပ်ကွက် နေ မတင်တင်အေး နှင့်တွေ့ဆုံ ခြင်း ။

မတင်တင်အေး သည် ဖေဖော်ဝါရီ  ၂၇ ရက် က ဈေးရောင်း နေစဉ် အိမ်နီး ချင်း အမျိုးသမီး တစ်ဦးနှင့် အတူ ဖမ်းဆီး ခံခဲ့ရသည် ။ ၎င်း သည် ယခင်ရက် များက ဆန္ဒပြလူထု ကို ၎င်းရောင်း ချသော အချဉ်ပေါင်း များ လိုက်လံ ဝေငှ ကျွေးရာ မှ လူမှု ကွန်ရက် ဖေ့စ်ဘွခ် တွင် ၎င်း၏ စေတနာအပေါ် လူအများက တုန့်ပြန်ချီးမွမ်း ခဲ့ကြသည်။

MGZ –  မနေ့ က ဖမ်းခံရတဲ့ အဖြစ်အပျက်လေးပြောပါဦး။

TTA –  မနေ့ က ဗိုလ်ချုပ် လမ်း မိတ်ဆက်လမ်းထိပ်က အမသစ်သီးဆိုင်မှာ ကူနေတာ။ သူတို့က လိမ္မော်သီးတွေ သိမ်းသိမ်းဆိုတော့ လိမ္မော်သီးတွေက တစ် ယောက်တည်း သိမ်းလို့ မပြီးဘူး၊သုံးလေးယောက်သိမ်းမှပြီးတဲ့ဟာလို့ ပြောတာ။ အဲလို ပြောရမလားဆိုပြီး ဝိုင်းရိုက်တယ်။အထဲထိကို ဝင်ရိုက်တာ။ အရပ်ဝတ် နဲ့ တစ်ယောက် သူပဲ သူပဲ ဆိုပြီး လေးငါးခြောက်ယောက်လောက်ရှိတယ်။ဆိုင်ထဲကနေ အတင်းဆွဲခေါ်ရိုက်ကြတာ။

MGZ –  သူပဲသူပဲ ဆိုတာ ဘာအကြောင်း အရာ ကို ပြောတာ လဲဗျ ။

TTA –  အမထင် တာ တော့ အမလုပ် တာ ဘာမှ မရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာကို ။အရင်ရက်တွေက တောက်လျောက် ဆန္ဒပြတဲ့ဆီလိုက်ပြီး နှစ်ရက် လောက်နေတော့ ဈေးရောင်းထွက်တယ်။ လူတွေကလည်းရောဂါက ကြောက်ကြ။ ဝေမယ့်သူကလည်း မရှိတော့ တကယ်တော့ ဆန္ဒပြလိုက်တာ မောလည်းမော ၊ မူးလည်း မူးတော့ ကိုယ်လိုပဲ ဆာမှာ ပဲ၊မူးမှာပဲ ဆိုပြီးတွေးပြီး ဝေဖြစ် တာပါ ။

MGZ –  ဖမ်းခံရ တုန်းက ဘာဖြ စ်လဲ။

TTA –  ဆိုင်ထဲ ကခေါ်ပြီးတော့ ကောင်တစ်ယောက် က ပါးအရင် ရိုက်လိုက်တယ်။ ရဲမေသုံးယောက်ထဲက တစ်ယောက်က ပါးထပ်ရိုက်တယ်၊ နောက်က သူက လက် ကို တအားချုပ်ပြီး တစ်ယောက်က လည်မျိုကုပ်ထားတာ။ဟိုဘက်နားရောက်တော့ လက်နောက်ပြန်ခတ်ပြီး အချုပ်ကားပေါ် ခေါ်သွားတယ်။ အချုပ်ကား ပေါ်တော့ ရေတိုက် ပါတယ်။ ကောင်းတဲ့သူရှိသလို ၊ မကောင်းတဲ့သူလည်း ရှိ တယ် ။

MGZ – ဘယ်ခေါ်  သွားလဲ ။ ဟိုကျ ဘာတွေ ဆက်ဖြစ် လဲဗျ ။

TTA  –  လေယာဉ် ကွင်းထိ ခေါ်သွားတယ် ။ ဘယ်မှာ နေတယ် ၊ ဘာရပ်ကွက်လဲ ၊ မိဘ က ဘယ်သူ လဲ ။ အိမ်တွေ မေးပြီး လက်မှတ် ထိုးပြီး မိန်းမတွေကို စုပြီး ပြန်လွှတ်လိုက် တယ်၊ မိန်းမတွေက အယောက် ၈၀ လောက်ရှိတယ်။

MGZ –  အမတို့မိသားစု အ တွက် အလှူရှင်တစ်ယောက်လှူမယ်လို့ကြားတယ်။

TTA –  မနက် က တော့ ကျွန်မ အမျိုးသားဆီ တစ်ယောက် ဖုန်းဆက်ပါတယ်။ ကျွန်မကတော့ ကျွန်မစေတနာ အလျောက် ရောင်းမယ့် ထဲ က လှူတာပါ။ ဘာမှ မျှော်လင့် တယ်ရယ် မဟုတ်ပါဘူး ။

MonywaGazette

Leave a Reply

Your email address will not be published. Required fields are marked *