အကြမ်းဖက် သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ၍ လုံးဝ လုံးဝ အရှုံးမပေးဘူးလို့ အပြတ်ပြောလိုက်တဲ့ ယွန်းဝတီလွင်မိုး

Posted on

သရုပ် ဆောင် မင်းသမီး ချောလေး ယွန်းဝတီ လွင်မိုး က တော့ ပြည်ပ နိုင်ငံတွင် ပညာ သင်ကြား နေတာကြောင့် မြန်မာ နိုင်ငံတွင် လက်ရှိ ဖြစ်ပေါ် နေတဲ့ လူထုလှုပ် ရှား မှု တွေမှာ ကိုယ်တိုင် မပါဝင် ရတဲ့ အတွက် စိတ် မ ကောင်းဖြစ် နေ တာ လည်း ဖြစ် ပါ တယ် ။ ဒါပေမယ့် လည်း ဩစတေးလျ သို့ ရောက်ရှိ နေတဲ့ ပြည် သူများနဲ့ ကျရာ အခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရုံတင်မကဘဲ လူမှုကွန်ယက်များမှာလည်း သတင်း အချက်အလက် တွေ ကို အချိန်နဲ့ တစ်ပြေး ညီ တင်ပေး နေတာလည်း ဖြစ် ပါ တယ် ။

သူမ ရဲ့  Twitter  အကောင့် က နေ တစ်ဆင့် လည်း မြန်မာ နိုင်ငံ တွင် ဖြစ်ပေါ် နေတဲ့ အခြေ အနေ တွေ ကို နိုင်ငံတကာမှသိရှိနိုင်အောင် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ် ။ အသက် ငယ် ပေမယ့် လည်း နိုင်ငံ့အရေး အတွက် တက်ကြွစွာ ပါဝင် ပေးနေ တဲ့ ခေးလေး ကို ပရိသတ် တွေ က လည်း ချီးကျူး နေကြ တာပါ ။ မကြာ သေးခင် နာရီပိုင်း လောက် က လည်း ခေးလေး ရဲ့ လူမှု ကွန်ယက် စာမျက်နှာ တွင် ကိုယ့် နိုင်ငံကို ပြန်ကယ်တင်ဖို့ အတွက် မိခင် ဖြစ်သူကမွေးထုတ်ပေး လိုက်တယ် လို့မှတ်ယူလိုက် ကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ် ။

” ရင်နာ တယ် ။

စိတ်နာ တယ်။

မျက်ရည် များစွာကျရတယ်။

ဒါပေ မယ့်၊

အကြမ်းဖက် သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ၍ လုံးဝ လုံးဝ အရှုံးမပေးဘူး။

ခွန်အားတွေ လုံးဝ မလျော့သွားဘူး။

မြန်မာ ပြည်ကြီး Democracy ရပြီးတဲ့နောက်၊

တိုက်ပွဲ ကြီးနိုင်ပြီးရင်တောင် ဒီမှာတင်မရပ်ပါဘူး။

Social punishment ဆက်လုပ် မယ် ။

ဒီတစ်သက် တော့ ကိုယ့်နိုင်ငံကိုပြန်ကယ်တင်ဖို့အမေမွေးလာတာလို့ပဲ မှတ်လိုက်ပါပြီ။

–  YWLM . ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

source  and   photo  crd  :  Yun  Waddy  Lwin  Moe ’ s   facebook   page

Leave a Reply

Your email address will not be published. Required fields are marked *