သူမရဲ့သားလေးကို အသည်းတုန်မတတ်ချစ်နေကြတဲ့ ယောက္ခမတွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ စုစုဝေ

Posted on

ဂျာမနီ သား အဆိုတော် Mikis Weber ကတော့ မြန်မာနိုင်ငံမှာ အနုပညာ အလုပ်တွေ လာရောက် လုပ်ကိုင်ခဲ့ ဖူးတာကြောင့် မြန်မာ ပရိသတ်တွေရဲ့ အကြီးအကျယ် အားပေး ဝန်းရံမှုကို ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ Mikis က သီချင်းဆို ကောင်းပြီး Rap သီချင်းကောင်းကောင်းလေး တွေကို ဖန်တီးသီဆို တတ်သူလည်း ဖြစ်ပါတယ်။

မြန်မာ့ ယဉ်ကျေးမှုကို ချစ်ခင် နှစ်သက်တဲ့ Mikis က သူ့ရဲ့ ချစ်သူ ကောင်မလေး မြန်မာမလေး စုစုဝေကိုလည်း အမြတ်တနိုး တန်ဖိုးထားပြီး ဂရုတစိုက်နဲ့ ချစ်တတ်တာ ဖြစ်ပါတယ်။ ဂျာမနီ နိုင်ငံမှာ အခြေစိုက် နေထိုင်တဲ့ သူတို့ နှစ်ယောက်က ခိုင်မြဲတဲ့ မေတ္တာ တရားတွေနဲ့ အတူ မိသားစုဘဝလေးကို တည်ထောင် ထားတာ ဖြစ်ပြီး အခုဆိုရင် သူတို့ရဲ့ ရင်သွေးလေး Rio ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

အခုမှာတော့ သူတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ အတူပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားတာပါ။ သားလေးရဲ့ ပုံလေးတွေကို လည်း လူမှု ကွန်ရက်မှာ တင်ပေးလေ့ ရှိတာပါ။ ပရိသတ် တွေကလည်း သူတို့ မိသားစု ပုံလေးတွေကို ကြည့်ပြီး ချစ်နေ ရတာပါ။

အခုမှာ လည်း သားလေးရဲ့ ဖွားဖွား မွေးနေ့လေးမှာ မိသားစု စုံစုံညီညီနဲ့ ရှိနေ တာပါ။ သားလေးကိုလည်း မိသားစုဝင် တွေကလည်း ချစ်မဝဖြစ်နေ ကြတာပါ။ သူတို့မိသားစုလေး ဘယ်လိုတောင် အေးချမ်းပြီး ပျော်ရွှင်စရာကောင်းနေလဲ ဆိုတာ ကတော့ အောက်က ပုံရိပ်လေးကို ကြည့်ပြီး ချစ်ပေး ကြပါ ဦးနော်။

Zawgyi

ဂ်ာမနီ သား အဆိုေတာ္ Mikis Weber ကေတာ့ ျမန္မာႏိုင္ငံမွာ အႏုပညာ အလုပ္ေတြ လာေရာက္ လုပ္ကိုင္ခဲ့ ဖူးတာေၾကာင့္ ျမန္မာ ပရိသတ္ေတြရဲ႕ အႀကီးအက်ယ္ အားေပး ဝန္းရံမႈကို ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။ Mikis က သီခ်င္းဆို ေကာင္းၿပီး Rap သီခ်င္းေကာင္းေကာင္းေလး ေတြကို ဖန္တီးသီဆို တတ္သူလည္း ျဖစ္ပါတယ္။

ျမန္မာ့ ယဥ္ေက်းမႈကို ခ်စ္ခင္ ႏွစ္သက္တဲ့ Mikis က သူ႔ရဲ႕ ခ်စ္သူ ေကာင္မေလး ျမန္မာမေလး စုစုေဝကိုလည္း အျမတ္တႏိုး တန္ဖိုးထားၿပီး ဂ႐ုတစိုက္နဲ႔ ခ်စ္တတ္တာ ျဖစ္ပါတယ္။ ဂ်ာမနီ ႏိုင္ငံမွာ အေျခစိုက္ ေနထိုင္တဲ့ သူတို႔ ႏွစ္ေယာက္က ခိုင္ၿမဲတဲ့ ေမတၱာ တရားေတြနဲ႔ အတူ မိသားစုဘဝေလးကို တည္ေထာင္ ထားတာ ျဖစ္ၿပီး အခုဆိုရင္ သူတို႔ရဲ႕ ရင္ေသြးေလး Rio ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။

အခုမွာေတာ့ သူတို႔ဟာ ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ အတူေပ်ာ္႐ႊင္စရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ ထားတာပါ။ သားေလးရဲ႕ ပုံေလးေတြကို လည္း လူမႈ ကြန္ရက္မွာ တင္ေပးေလ့ ရွိတာပါ။ ပရိသတ္ ေတြကလည္း သူတို႔ မိသားစု ပုံေလးေတြကို ၾကည့္ၿပီး ခ်စ္ေန ရတာပါ။

အခုမွာ လည္း သားေလးရဲ႕ ဖြားဖြား ေမြးေန႔ေလးမွာ မိသားစု စုံစုံညီညီနဲ႔ ရွိေန တာပါ။ သားေလးကိုလည္း မိသားစုဝင္ ေတြကလည္း ခ်စ္မဝျဖစ္ေန ၾကတာပါ။ သူတို႔မိသားစုေလး ဘယ္လိုေတာင္ ေအးခ်မ္းၿပီး ေပ်ာ္႐ႊင္စရာေကာင္းေနလဲ ဆိုတာ ကေတာ့ ေအာက္က ပုံရိပ္ေလးကို ၾကည့္ၿပီး ခ်စ္ေပး ၾကပါ ဦးေနာ္။

Leave a Reply

Your email address will not be published.