ဝဋ်နဲ့ ငရဲက မကောင်းမှုပြုသူ နောက်ကို အမြဲလိုက်ပါနေမယ်ဆိုတာ ကိုအထူး မမေ့ကြဖို့မှာရင်း လူအများအပေါ် အနိုင်မကျင့်ဖို့ ပြောကြားလိုက်တဲ့ ပိုပို

Posted on

အဆိုတော် မလေး ပိုပိုက တေးသီချင်း ကောင်း များစွာ နဲ့ ဂီတ လောက မှာ အောင်မြင် ကျော်ကြား နေတဲ့ ပရိသတ် အချစ်တော် တစ်ဦးပဲ ဖြစ်ပါ တယ် ။ လတ် တလောဖြစ် ပေါ်နေ တဲ့ အခြေ အနေ တွေ မှာတော့ ပိုပိုက ပြည်သူ တစ်ယောက် နေရာကနေ သူမရဲ့ ရင်တွင်း ဆန္ဒ တွေကို ဖော်ပြ တောင်းဆို နေတာပဲ ဖြစ် ပါ တယ် ။ နိုင်ငံ အတွက် တစ်ထောင့် တစ်နေရာ ကနေ ပါဝင် အားဖြည့် ပေးနေ တဲ့ ပိုပို က ပြည်သူ တွေ ဘက် ကနေ ရပ်တည် နေသလို အားပေး စကား တွေလည်း အမြဲ တမ်းပြောပေး နေတာ ဖြစ်ပါ တယ် ။

ဒီ ရက်ပိုင်း မှာ ပိုပိုက ဂီတ လောက သားတွေ စုံစုံ လင်လင် ပါဝင် တဲ့ ဂီတ အနုပညာရှင် အဖွဲ့နဲ့ အတူ လူထု လှုပ်ရှားမှု တွေကို တက်ညီ လက်ညီ လုပ်ဆောင် နေတာလည်း ဖြစ် ပါ တယ် ။ လမ်းပေါ် ထွက်ပြီး ပြည်သူ တွေနဲ့ အတူ သူမတို့ရဲ့ ဆန္ဒတွေ ကို ကြွေးကြော် အော်ဟစ် ကာ တောင်းဆို နေတဲ့ ပိုပို က တော့ နေ့ တိုင်း အား အင်အပြည့် နဲ့ ရှေ့ဆက် နေတာ ဖြစ်ပါ တယ် ။ အခု လည်း ပိုပို က သူမ ခံယူ ထားတဲ့ သဘောထား လေးကို ပြောပြ ပြီး ပြည်သူ ပရိသတ် တွေကို အကြံပေး ထားတာ ဖြစ်ပါ တယ် ။

ပိုပို က “ ကျွန်မ ဟာ ထေရဝါဒ ဗုဒ္ဓဘာသာ တစ်ဦး ပါ မြတ်စွာ ဘုရားရဲ့ မေတ္တာ သည်သာ အောင်မြင် ခြင်း ဆိုတဲ့ တရား ကို ယုံကြည် လက်ခံ ပါ တယ် ကိုယ့် ကိုယုတ် မာ တာ အနိုင်ကျင့် တာတို့ ကိုယ်မ ကြိုက်တာ ကို သူများ က ကိုယ့် အပေါ် လုပ်ရင် မကြိုက် ရင် ကိုယ် မကြိုက်တဲ့ အရာကို သူများ အပေါ်ကို လည်း ဘယ် တော့မှ ပြန် မလုပ်ပါဘူး မိတ်ဆွေ တို့ လည်း သူများကို ပြန် မလုပ်ပါနဲ့ စကားလုံး တွေနဲ့ အနိုင် မကျင့်ပါနဲ့ မေတ္တာ ထားပါ ကိုယ်ချင်း စာပါ 🙏🏽ငရဲ နဲ့ဝဋ် က နောက် က အ မြဲလိုက်နေမှာ မမေ့ ပါနဲ့  (  ကျွန်မ ကို သဘောမကျ ရင်လည်း unfri  &  block လုပ် ပါ ကျွန်မ ကလည်း သဘောမကျ ရင် လုပ်မှ ာပါ )   ”  ဆို ပြီး သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာ ထက် မှာ ရေးသား ထားတာပဲ ဖြစ် ပါ တယ်  ။

source  &   photo  credit  :  ဝတ်ရည်မိုး ’ s  fb  acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *