လက်ရှိ ဒုတိယကိုယ်ဝန် လွယ်ထားရချိန် ထူးခြားစွာ ခံစားနေရတဲ့ သူမရဲ့ခံစားချက်ကို ရင်ဖွင့်ပြောကြားလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
Posted on
ပရိတ်သတ်တွေရဲ့အချစ်တော် ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာနဲ့သရုပ်ဆောင်နိုင်တဲ့အတွက် ယနေ့အချိန်ထိ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ် ပါတယ်နော်..။နှိုင်းယှဉ်က သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်ရုံတင်မကပဲ Online Sale ရောင်းတဲံနေရာမှာလည်း အောင်မြင်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။
နှိုင်းယှဉ်က ခင်ပွန်းကောင်းပီသပီး သူမအပေါ်အရမ်းကိုချစ်ခင်ကြင်နာတဲ့ခင်ပွန်းသည် ကိုဘင်းကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာသားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်.။ အခုအချိန်မှာဆိုရင်လည်း နှိုင်းယှဉ်က ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီး ကိုယ်ဝန်ဆောင်သည်တိုင်းကြုံတွေ့ရတဲ့ မူးဝေခြင်း၊ ပျို့အန်ခြင်းစတဲ့ရောဂါတွေကိုခံစားနေရတာပဲဖြစ်ပါတယ်ပရိ်သတ်ကြီးရေ.။
ဒီကနေ့မှာဆိုရင်လည်း နှိုင်းယှဉ်က ပထမသားလေးကိုယ်ဝန်လွယ်ထားရစဉ်ကအဖြစ်အပျက်နဲ့ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်ခံစားရတဲ့အဖြစ်အပျက်ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရစဉ်ဖြစ်ပျက်နေတဲ့ သူမရဲ့ထူးခြားတဲ့ခံစားချက်ကို အခုလိုပဲပြောပြလာာတာပဲဖြစ်ပါတယ်။နှိုင်းယှဉ်က ” ပထမကိုယ်ဝန် တုန်းက မျက်နှာကရင့်တယ်…စိတ်လည်းအရမ်းကြီးတယ်..ဒေါသခဏခဏထွက်တယ်….တုတ်ဆွဲ ဓားဆွဲလုပ်တယ်ရိုက်ရတဲ့ဇာတ်ကားတွေကလည်း အရမ်းကြမ်းကြမ်းတမ်းတမ်းတွေ ရိုက်ရတယ်….အသီးတွေ အရမ်းစားတယ်…အော့အန် မူးဝေတာ ပျို့တာဘာတစ်ခုမှ မဖြစ်ခဲ့ဘူး….
ခု ဒုတိယကိုယ်ဝန် မျက်နှာက နုဖတ်နေတယ်မနက်မိုးလင်းထဲက ပျို့အန်မူးဝေရင်တလှပ်လှပ်ကနေ့လည် လောက်မှ ပျောက်တယ်….ချောကလက် ရေခဲမုန့် နဲ့ မြင်မြင်သမျှစားချင်တယ်…စိတ်အရမ်းနုတယ်….ဘာသတင်းဖတ်ဖတ် မျက်ရည်ကျတယ်….ရုပ်ရှင်ကားကြည့်လည်း ငိုတယ်….ပါးစပ်က ကြမ်းတမ်းတဲ့စကားတွေ ဆဲတာတွေ စိတ်ကပြောချင်ရင်တောင် ပြောမထွက်ဘူး….ဘာလေး လိုချင်လည်းလို့မေးရင် မိန်းခလေးးးအိပ်မက်ထဲက မမရေ လို့ ခေါ်နေတဲ့ မိန်းခလေးးကိုဗစ်မဖြစ်ခင်ထဲက တစ်ခါအိပ်မက်မက် တယ်လို့ရေးဖူးတယ်…မမရေ မမရေ နဲ့ ခေါ်ပီး လိုက်လာတာ ဆံရစ်ဝိုင်းလေးနဲ့နားကောက် လေးနဲ့ ချောချောလေးးးးး၁၂လပိုင်း ၂၃ရက်နေ့က ကျိုက္ခမီစက်စဲသွားပီးပြန်လာပီးကတည်းက ခလေးအိပ်မက်တွေ မက်တယ်…ဘယ်ကပဲ လာလာ အကောင်းဆုံးကြိုးစားပြီးကျွးမွေးစောက်ရှောက် ပါ့မယ်…လူတန်းစေ့ နေနိုင်အောင်ကြိုးစားပေးပါ့မယ် သားနဲ့သမီးရယ်” ဆိုပြီး ဒုတ်ယကိုယ်ဝန်လွယ်ထားရစဉ်ဖြစ်ပျက်နေတဲ့ သူမရဲ့ခံစားချက်ကိုပြောပြာလတာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်…။
Source ; Nhying Shin ‘s Facebook acc
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *