ရှိသမျှ ခွန်အားတွေနဲ့ ပြည်သူလူထုကို ဒီကပ်ဆိုးကြီး ကနေ ရုန်းထွက်နိုင်အောင် အစွမ်းကုန် ရင်ဆိုင်ဖြေရှင်းပေးသွားမယ်လို့ ပြောလိုက်တဲ့ ပိုင်တံခွန်

Posted on

ချစ်ပရိသတ် ကြီး ရေ မြန်မာ နိုင်ငံ သာမ က ပြည်ပ နိုင်ငံတွေ အထိ ဒိတ်ဒိတ်ကြဲ အောင်မြင်မှု တွေကို ပိုင်ဆိုင် ထားတဲ့ သူလေး က တော့ မော်ဒယ်လ် သရုပ် ဆောင် ပိုင်တံခွန် ပဲ ဖြစ် ပါ တယ် ။ ပိုင်တံခွန် က သူမတူ တဲ့ ရုပ်ရည် နဲ့ ဆွဲဆောင်မှု မျိုးကို ပိုင်ဆိုင် ထားပြီး အနုပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်လို့ ပရိသတ် တွေ သာမကပဲ အနုပညာရှင် အချင်းချင်း ကပါ အားကျ အချစ်ပို ကြတာလည်း ဖြစ်ပါ တယ် ။

ဒါ့ အပြင် မွန်မြတ် တဲ့ စိတ်ထား နဲ့ အမှန် တရားဘက် က ရပ်တည် တတ်တဲ့ သူက ယခု ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေ မှာ ပြည်သူတွေ ရှေ့ က နေ မားမား မတ်မတ်ရပ်တည် ပေးနေ တာကို တွေ့ရပါ တယ် ။ သူရဲ့ ဖေ့ဘွတ် အကောင့်မှာ လည်း စာသား အချို့ကို တင်ပေးလေ့ ရှိတာဖြစ်ပြီး ယနေ့ မှာလည်း ရေးသား လာခဲ့ပါတယ် ။ ဒါက တော့  ”  ကျွန်တော် တို့ ဗုဒ္ဓ ဘာသာမှာ နေ့တိုင်း ဘုရားဝတ် ပြုတဲ့ အခါ ရွတ် ရတဲ့ ကပ် (၃)ပါး ဆို တာ အခု လက်ရှိ ခံစားနေ ရတာပဲ အခုတော့ (၁) ရောဂါ ကပ်ဆိုး နှင့်  (၂) စစ်ဘေး ကပ်ဆိုး ကြုံနေရ ပြီ သိပ်မကြာ ခင်မှာ

ဒီလို လူသား မဆန်မှု တွေနဲ့ အတူ (၃) ငတ်မွတ်ခေါင်း ပါးတဲ့ ကပ်ဆိုး လာတော့မယ်လူတိုင်း မှာ မွေးလာ တာနဲ့ ကံတရား နဲ့ ဝဋ်ကြွေး ကိုယ်စီ ပါလာပြီးသား ကျွန် တော် တို့ အားလုံးရဲ့ ဝဋ်ကြွေး က တော့ အခု ချိန်မှာ ပုံစံတူပါပဲ … ဒီကပ်ကြီး တွေ ကို လက်တွဲ ပြီး အတူတူ ကျော်ဖြတ် ကြမယ် ကောင်းတဲ့ အရာတွေ များများ လုပ်ပြီး ရင်ဆိုင် ကြမယ် ကျွန်တော် က တော့ ကျွန်တော့် ခွန်အား နဲ့ ဆွဲထူ နိုင်သမျှ လူသားတိုင်း အတွက် လက် တစ်ဖက် အမြဲ ကမ်းပေး နေမှာပါ လုပ်သင့် တာတွေ လုပ်ရင်း ဘုရား တရား လည်း မမေ့နဲ့နော် ကျွန်တော့် ပရိသတ်တွေ ကို စိတ်ပူ လို့ပါ ” ဆိုပြီး ရေးသား လာတာပဲ ဖြစ် ပါ တယ် ။တကယ် ကို အကျိုး ရှိပြီး ဖတ်မိ သူတိုင်း အကြိုက်တွေ့ မိစေမှာ အသေအချာပဲ ဖြစ်လို့ ပိုင်တံခွန် ရေးသား ထားတဲ့ စာသား လေးနဲ့ သူရဲ့  ပုံလေး တွေကို ပရိသတ် တွေ ထံ ပြန်လည် ဝေမျှပေး လိုက်ပါ တယ် နော် ။

zawgyi




Leave a Reply

Your email address will not be published. Required fields are marked *