ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် သရုပ်ဆောင် အဆိုတော် ထွန်းထွန်း ကားအက်ဆီးဒန့်ဖြစ်

Posted on

မနေ့က 9.1.2021 ရက် ည(10:30)အချိန်တွင် ရန်ကုန် ဘက်မှ မန္တလေး ဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် အမျိုးသား တစ်ဦး မောင်းနှင် လာသော Alphard အဖြူရောင် ယာဥ်သည် အမြန်လမ်း မိုင်တိုင် 226အရောက် အတက်အဆင်း လမ်းပျောက်သည့်နေရာတွင် (​ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မခြောက် လက်မ ရှိသော သစ်လုံးတစ်လုံးအား အမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထား မှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်ကီလို ၁၀၀အရှိန်ဖြင့် မောင်းနှင်လာ သောယာဥ်မှာ သစ်လုံးကိုရသလောက်ရှောင်တိန်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲ တိုက်လောက်ကွေး ကား အောက်ပိုင်း တစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထို အချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ် ကားပေါ်စီးနင်းလိုက်ပါ လာတဲ့ အမျိုးသား (၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက်တွင် ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။
ည(10.55) မိနစ် တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့် လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်းဖုန်းဆက်အကူအညီ တောင်းလာပါသဖြင့် အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဥ် တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ်သွားရောက် ကူညီခဲ့ရပါသည်။

ည(12:00) နာရီအချိန်တွင် ကားပျက်နေသည့် အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဥ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး အမျိုးသား နှစ်ဦး ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ ကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့ပို့ဆောင်ကူညီပေးခဲ့ရပါသည်။ လူကြီး မိဘများအနေဖြင့်လည်း
အမြန်လမ် းပေါ်တွင် လူသားချင်း ကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက်အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြ
တယ်ဆို တာ သတိပေးရင်း အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသော မိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆု တောင်း မေတ္တာပို့ သလိုက်ရပါသည် ။

crd : မျိုးဆက်သစ် မြတ်ပါရမီအသင်း လူမှုကယ်ဆယ်ရေးအဖွဲ့ မိတ္ထီလာမြို့

zawgyi

မေန႔က 9.1.2021 ရက္ ည(10:30)အခ်ိန္တြင္ ရန္ကုန္ ဘက္မွ မႏၲေလး ဘက္သို႔ နာမည္ႀကီး အဆိုေတာ္ သ႐ုပ္ေဆာင္ အမ်ိဳးသား တစ္ဦး ေမာင္းႏွင္ လာေသာ Alphard အျဖဴေရာင္ ယာဥ္သည္ အျမန္လမ္း မိုင္တိုင္ 226အေရာက္ အတက္အဆင္း လမ္းေပ်ာက္သည့္ေနရာတြင္ (​ခန္႔မွန္း) အရွည္ ေျခာက္ေပ အခ်င္း ငါးလက္မေျခာက္ လက္မ ရွိေသာ သစ္လုံးတစ္လုံးအား အျမန္လမ္း လမ္းအလယ္တြင္ ကန္႔လန္႔ ပိတ္ထား မႈအား ႐ုတ္တစ္ရပ္ေတြ႕ရွိလိုက္ရသျဖင့္ကီလို ၁၀၀အရွိန္ျဖင့္ ေမာင္းႏွင္လာ ေသာယာဥ္မွာ သစ္လုံးကိုရသေလာက္ေရွာင္တိန္းရင္းကားဘယ္ဘက္ဘီး ကားဝမ္းဗိုက္တို႔ႏွင့္တိုက္မိသျဖင့္ ကားဘီးေပါက္ ဂီယာေဘာက္ကြဲ တိုက္ေလာက္ေကြး ကား ေအာက္ပိုင္း တစ္ခုလုံး သစ္လုံးျဖင့္ ပြတ္တိုက္မိခဲ့ပါသည္။

ထို အခ်ိန္ ကားမရပ္ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ေလးဖာလုံေလာက္ ဆက္ေမာင္းႏွင္ၿပီးမွကားရပ္ကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီးကားဆက္ေမာင္းလာခဲ့ပါတယ္ ကားေပၚစီးနင္းလိုက္ပါ လာတဲ့ အမ်ိဳးသား (၂)ေယာက္လုံး ဒဏ္ရာရရွိမႈ မရွိခဲ့ေပမဲ့ အျမန္လမ္း မိုင္တိုင္ 230 အေရာက္တြင္ ကားမွာ ေမာင္းမရေတာ့ပဲ စက္ေသသြားခဲ့ပါသည္။ည(10.55) မိနစ္ တြင္ ကၽြန္ေတာ္တို႔ထံ ဖုန္းဝင္လာၿပီး မနက္အေရးႀကီးအလုပ္ ကိစၥတစ္ခုရွိေၾကာင္းႏွင့္ လမ္းမွသစ္လုံးအား အရွိန္ႏွင့္ တက္နင္းမိေၾကာင္းဖုန္းဆက္အကူအညီ ေတာင္းလာပါသျဖင့္ အသင္းမွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္ တစ္စီးျဖင့္ ခ်က္ခ်င္းထြက္ခြါ၍ အေရးေပၚသြားေရာက္ ကူညီခဲ့ရပါသည္။

ည(12:00) နာရီအခ်ိန္တြင္ ကားပ်က္ေနသည့္ အျမန္လမ္း မိုင္တိုင္(230)သို႔ေရာက္ရွိၿပီး ေမာင္းမရေတာ့သည့္ယာဥ္အား ကရိန္းျဖင့္ ေရႊ႕ေျပာင္းသယ္ေဆာင္ၿပီး အမ်ိဳးသား ႏွစ္ဦး ကိုေတာ့ မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းမွ ကယ္ဆယ္ေရးယာဥ္ျဖင့္ မႏၲေလးသို႔ပို႔ေဆာင္ကူညီေပးခဲ့ရပါသည္။ လူႀကီး မိဘမ်ားအေနျဖင့္လည္းအျမန္လမ္ းေပၚတြင္ လူသားခ်င္း ကိုယ္ခ်င္းစာစိတ္မရွိပဲ ဝမ္းတစ္ထြာအတြက္အစုလိုက္ အျပဳံလိုက္ မိသားစုလိုက္ သတ္ဖို႔ ဝန္မေလးတဲ့သူေတြ အသင့္ရွိေနၾကတယ္ဆို တာ သတိေပးရင္း အျမန္လမ္းေပၚမွ ခရီးသြားလာေနၾကေသာ မိဘျပည္သူမ်ားအားလုံး အႏၲရာယ္ကင္းစြာျဖင့္ လိုရာခရီးကို ေခ်ာေခ်ာမြန္မြန္ ေရာက္ရွိၾကပါေစလို႔ ဆု ေတာင္း ေမတၱာပို႔ သလိုက္ရပါသည္ ။

crd : မ်ိဳးဆက္သစ္ ျမတ္ပါရမီအသင္း လူမႈကယ္ဆယ္ေရးအဖြဲ႕ မိတၳီလာၿမိဳ႕

Leave a Reply

Your email address will not be published. Required fields are marked *