မအေးသောင်း နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်

Posted on

သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ)အေးသောင်းကို စစ်တပ်အား အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။အဲဒီလို ဝင်ရောက်ရှာဖွေစဉ်မှာ အိမ်ရာအတွင်း နေထိုင်သူ အရပ်သား ၄ ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ဖမ်းမိသွားလား ဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

သရုပ်ဆောင် အေးဝတ်ရည်သောင်း နေထိုင်ရာ မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ နံနက်ပိုင်းက ဝင်ရောက်ရှာဖွေခဲ့ကြပြီး မအေးသောင်းက နေအိမ်မှာ ရှိမနေခဲ့တဲ့အတွက် မပါသွားခဲ့ဘူးလို့သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး လူထုလှုပ်ရှားမှုနဲ့ CDM မှာ ပါဝင်ပါတ်သက် နေတဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာတွေ အပါအဝင် ပြည်သူလူထုကြား ထင်ရှားကျော်ကြားသူတွေကို စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ် တရားစွဲဆိုတာတွေ၊ ဖမ်းဆီးအရေး ယူတာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Zawgyi

သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း(ခ)ေအးေသာင္းကို စစ္တပ္အား အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆို ဝရမ္းထုတ္ထားတာ ျဖစ္ပါတယ္။အဲဒီလို ဝင္ေရာက္ရွာေဖြစဥ္မွာ အိမ္ရာအတြင္း ေနထိုင္သူ အရပ္သား ၄ ဦးကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီး ေခၚေဆာင္သြားေပမယ့္ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းကို ဖမ္းမိသြားလား ဆိုတာကိုေတာ့ အေသးစိတ္မသိရွိရေသးပါဘူး။

သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း ေနထိုင္ရာ မႏၲေလးၿမိဳ႕ ျမရည္နႏၵာအိမ္ရာကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ဒီေန႔ နံနက္ပိုင္းက ဝင္ေရာက္ရွာေဖြခဲ့ၾကၿပီး မေအးေသာင္းက ေနအိမ္မွာ ရွိမေနခဲ့တဲ့အတြက္ မပါသြားခဲ့ဘူးလို႔သိရပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီး လူထုလႈပ္ရွားမႈနဲ႕ CDM မွာ ပါ၀င္ပါတ္သက္ ေနတဲ့ မင္းသား၊ မင္းသမီး၊ အဆိုေတာ္၊ စာေရးဆရာ၊ ဒါရိုက္တာေတြ အပါအဝင္ ျပည္သူလူထုၾကား ထင္ရွားေက်ာ္ၾကားသူေတြကို စစ္တပ္က ပုဒ္မ ၅၀၅ (က) နဲ႔ ဝရမ္းထုတ္ တရားစြဲဆိုတာေတြ၊ ဖမ္းဆီးအေရး ယူတာေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *