အဆိုတော် မလေး ပန်းရောင်ခြယ် က တော့ ဖခင် ဖြစ်သူ ဂရေဟမ် ရဲ့ ဂီတ အမွေ တွေကို အပြည့် အဝ ဆက်ခံ ရရှိထားပြီး သီချင်းလေး တွေကိုလည်း ကိုယ် တိုင်ဖန်တီးရေး သားသီဆို နေသူ တစ်ယောက် လည်း ဖြစ်ပါ တယ် ။ သူမဟာ ဂီတ လှုပ်ရှား မှုတွေ သာမက ဘဲ ရုပ်သံ ဇာတ်လမ်း တွဲ တွေ လည်း ပါဝင် ရိုက် ကူး သရုပ်ဆောင် နေပြီပဲ ဖြစ်ပါ တယ် ။ စိတ်ထား ကောင်းသူ တစ် ယောက် ဖြစ်ပြီး အရေးကြုံ တဲ့ အခါတိုင်း ပြည်သူ တွေနဲ့ တစ်သားတည်း ရပ်တည် ပေးနေ တဲ့ အဆိုတော် တစ်ဦးဖြစ် တာကြောင့် အားလုံး ကလည်း ချစ်နေ ကြရ တာပါ ။
ပန်းရောင် ဟာ လူထု လှုပ်ရှားမှု တွေ မှာလည်း လိုချင်တဲ့ပန်းတိုင်ရောက်အောင် ပြည်သူတွေနဲ့အတူရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ကျဆုံး သွားတဲ့ သူရဲကောင်းတွေ အတွက် လည်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေပြီး သူတို့အတွက်လုပ်ပေးတဲ့ ဆုတောင်း ပွဲတွေမှာလည်း ကိုယ်တိုင်သွားရောက်ဦးညွတ် ခဲ့ တာလည်း ဖြစ်ပါတယ်။ တစ်လလုံးလုံး စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရပြီး လုံခြုံမှုမရှိတော့တဲ့ လက်ရှိအခြေအနေတွေကိုလည်း ပန်းရောင်ခြယ်ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ အခုလိုပဲ ရေးသား ထားတာ ပဲ ဖြစ်ပါ တယ် ။
” မနက် ထလည်း ဒီ စိတ် ညအိပ် လည်း ဒီစိတ် … တစ်လ ရှိပြီ ပြည်သူ တွေ စိတ် မအေးချမ်းရ စိတ်မ လုံခြုံရ တစ်ချက် ဒေါသထွက် လိုက် တစ်ချက် ငိုရ လိုက် တစ်ချက် ကလေး အင်အားတွေ ပြည့်သွားလိုက် တစ်ချက်ကလေး စိုးရိမ်စိတ်တွေကြီးသွားရလိုက် တစ်ချက်တစ်ချက်လည်း အိမ်မက်ကြီး များလားပေါ့ ဒါပေမယ့် it’s too real … အိမ်မက်ဆိုး မဟုတ်ဘူး ဘဝတွေက ဒီနေ့ လူသေစာရင်း 0 ဆိုရင်ပဲ ဒီညကျ သက်ပြင်းလေးတစ်ချက်ချရင်း မနက်ဖြန်အတွက် ရင်ပြန်ပူရ ဒါဟာ ပုံမှန်ဖြစ်သွားလို့ မဖြစ်ဘူး ဖြစ်သွားစရာအကြောင်းလည်း မရှိဘူး အားနာနာနဲ့ပဲ အားတင်း ထားကြပါလို့ ပြောချင်ပါတယ် အချင်းချင်း စည်းလုံးမှု ရိုင်းပင်းကူညီမှုကတော့ တကယ် အံ့မခန်းပါ ဂုဏ်ယူ ရပါ တယ် အားလုံးဘေးကင်းကျန်းမာကြပါစေ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေး ကို တစ် ဆင့် ပြန် လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ် နော် ။
source and photo crd : Pan Yaung Chel ’ s facebook page
zawgyi