ပရိသတ် ကြီးရေ အဆိုတော် အေသင်ချိုဆွေ ကိုတော့ အထူး အထွေ မိတ်ဆက် ပေးစရာ မလိုအောင် ချစ်ခင် ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်..။အေသင် ကတော့ အသံပါဝါ ကောင်းကောင်း နဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ထွက်သမျှ အယ်လ်ဘမ် တိုင်းကလည်း ပရိသတ် တွေရဲ့ တခဲနက် အားပေးမှု တွေကို ရရှိ ထားခဲ့ သူပါ..။
လက်ရှိ မှာ အနုပညာ လောကနဲ့ အနေဝေး နေပေမယ့် Single Mother တစ်ယောက် အဖြစ် ရပ်တည်ကာ သူမ ရဲ့ ချစ်စရာ သမီး လေး Ivy နဲ့ ဘဝ ကို ပျော်ရွှင် ပေါ့ပါး လွတ်လပ်စွာ ဖြတ်သန်း နေသူ ပါ..။သမီးလေး Ivy ကို ချစ် မြတ်နိုးသူ ပရိသတ် တွေ အတွက်လည်း ပိုစ့်လေးတွေ တင်ကာ မျှဝေ တတ်ပါသေး တယ်..။
ဒီကနေ့ မှာလည်း အေသင် က Ivy လေး တစ်ယောက် ပျော်ရွှင်စွာ လျှောက်လည်ရင်း အသည်းပုံစံ ပိုစ့် ပေးကာ ဓာတ်ပုံရိုက်ခံ နေပုံ ဗီဒီယိုလေးကို “သူပျော်နေတာ” ဆိုပြီး သူမ ရဲ့ လူမှု ကွန်ရက် စာမျက်နှာ ပေးမှာ တင်လာ ခဲ့ပါ တယ်..။ချစ်စရာ ကောင်းလွန်းတဲ့ Ivy လေးရဲ့ ဗီဒီယို ဖိုင်လေးကို ပရိသတ် ကြီး အတွက်လည်း ပြန်လည် မျှဝေ ပေးလိုက် ပါတယ် နော်…။
Source: Athen Cho Swe’s fb
Credit; Myanmar Celebrities
Zawgyi