တိုင်းပြည် ပကတိ အခြေအနေနဲ့ အနေအထားကို ရေးသားထားတဲ့ မင်းမော်ကွန်းရဲ့ ရဲရဲတောက် ကဗျာတစ်ပုဒ်

Posted on

အနုပညာ လော က မှာ အောင်မြင်မှု တွေ အခိုင် အမာ နဲ့ ရပ်တည် နိုင်ခဲ့တဲ့ ပြည်သူချစ် အနုပညာ ရှင် မင်းမော်ကွန်း ဟာ ပြည်သူတွေ နဲ့ အတူ နေ့စဉ်နဲ့ အမျှ အားမလျော့ ဘဲ ရပ်တည် ကာ သတ္တိရှိရှိ နဲ့ ရဲရင့် စွာ ပါဝင် လျက် ရှိနေတာ ကို အားလုံး မြင်တွေ့ ရမှာပါနော် ။

ယခုလည်း သူ့ရဲ့ လူမှု ကွန်ယက် စာမျက်နှာ မှာ ရဲရဲတောက် ကဗျာ တစ်ပုဒ် ထပ်မံ ရေးသား လိုက်ပြန် ပါပြီ ။

“ ငါတို့ ချစ်သော တိုင်းပြည် … ကိုယ်အိမ် တံခါးကို ဘယ်နေ့လာပြီး. .ရိုက်ချိုး ဖျက်ဆီး အဖမ်းဆီးခံရ မလဲလို့ .. စိုးထိတ် နေရတဲ့ တိုင်းပြည်မှာ ..ငါတို့ နေတယ်

ကိုယ် အိပ်ပျော်နေတဲ့ အချိန် ..ရပ်ကွက် တစ်ခုလုံး ပြာဖြစ်သွားလေ မလား. .ပူပန် သောက ရောက်နေရတဲ့ တိုင်းပြည် မှာ ..ငါတို့ နေတယ်

ရပ်ရွာ အကျိုးသယ်ပိုးကင်းစောင့်တုန်း..ဘယ်အချိန်ခေါင်းပွင့်သွားမလဲ..ခြောက်ခြားနေရတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

ကိုယ့်သား သမီး အိမ်ရှေ့ ထွက်ဆော့ရင်း..ဘယ်အချက်လေးခွနဲ့အပစ်ခံရမလဲ..ကြောက်ရွံ့နေရတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

ပလက်ဖေါင်း ပေါ်လျောက်နေတုန်း..လမ်းကြုံလက်သရမ်းသွားလို့..သေကြရတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

တော်လှန်ရေး အတွက်အိမ်ကထွက်..ငြိမ်းချမ်းစွာလမ်းပေါ်တက်ရင်း..အသက်ပေးငိုကြွေးကြရတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

မိသားစုတွေ မျက်ရည်ပေါက်ကြီးငယ်ကျ..လူငယ်တွေသွေးမြေခမှ..စားဝင်အိပ်ပျော်တဲ့သူတွေရှိတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

အကြမ်းဖက် သမားတွေအုပ်ချုပ်ပြီး..ပါးစပ်ထဲရှိတဲ့ဥပဒေနဲ့..သေနတ်ပြမင်းလုပ်နေတဲ့တိုင်းပြည်မှာ..ငါတို့နေတယ်

သူခိုးတွေက လူပြန်ဟစ်..သူရဲကောင်းတွေဝရမ်းပြေးဖြစ်..ဖမ်းဆီးအပြစ်ပေးခံရတဲ့တိုင်းပြည်မှာ..ငါိတို့နေတယ်

ခေါင်းကို ပစ်မှ ခောတ်ကိုပြောင်းမယ်..ဆိုတဲ့သူတွေရှိတဲ့တို့ရဲ့တိုင်းပြည်..ပြည်သူကျွေးတဲ့ထမင်းစားပြီး..ပြည်သူကိုသစ္စာမဲ့သူများသာ..ကောင်းစားတဲ့တို့ရဲ့တိုင်းပြည်

ဘုရား ငွေပါမရှောင် ..ဖြောင်တဲ့သူတွေရှိတဲ့..ငါတို့ရဲ့တိုင်းပြည်

မိုက်တကာ့ အမှောင်ထဲ..အနာဂါတ်မဲ့နေကြရတဲ့..ငါတို့ပြည်သူအားလုံးရဲ့..ချစ်လှစွာသောတိုင်းပြည်မှာ..ငါတို့နေတယ်”

ကျော်ကျော်ဌေးလွင်
L : ကေတီ

Leave a Reply

Your email address will not be published. Required fields are marked *