ဆန္ဒပြ ပြည်သူ တွေရဲ့ ရှေ့ က နေ ကာကွယ် ပေးနေ တဲ့ Rescue Task Force အဖွဲ့ ဟာ သူတို့ ရဲ့ facebook စာမျက်နှာ မှာ ယခု လို ရေးသား ပြီး ပြည်သူ လူထု ကို တောင်းဆို ထားတာ တွေ့ရပါ တယ် ။
Rescue Task Force အဖွဲ့ရဲ့ ရေးသားချက်
မိဘပြည်သူ များခင်ဗျာ
ကျွန်တော် တို့ R . T . F တွေ မှ မိဘ ပြည်သူများ အားလုံးကို တောင်းဆို ပါရစေ … မနေ့ တုန်းက MM plaza မှာ ဖြစ် သလိုမျိုး ဖြိုခွဲ ခံရပြီ ဆိုရင် တတ်နိုင် သမျှ အနောက်ကို ဆုတ်ပေးပါခင်ဗျာ …
ကျွန်တော်တို့ ဟာ သူတို့ နဲ့ ထိပ်တိုက် တွေ့လို့ မရပါဘူး … သူတို့ ဟာ လက်နက်ကိုင် အဖွဲ့အစည်းပါ .. ကျွန်တော်တို့ မှာ တုတ်တစ် ချောင်း တောင် မပါ လာပါဘူး … ဒါကြောင့် အရေးရယ် အကြောင်းရယ် ဖြစ် လာပြီ ဆိုရင် ကျွန်တော် တို့ အရှေ့ ကနေ ကာကွယ် ပေးပါ့မယ် … မိဘ ပြည်သူ တွေက အလိုက် တသိ နဲ့ အနောက် ကို ဆုတ် ပေးပါ … မိဘ ပြည်သူများ အနောက် ကို မဆုတ်ပေး သ၍ ကျွန်တော်တို့ ရှေ့မှာ ကာကွယ်ပေး ရမှာပါ … ကျွန်တော်တို့ မှာ ပစ္စည်းပစ္စယာ တွေ ကုန်သွား တာနဲ့ နောက်ဆုံး အသေခံရတဲ့ အထိ ကျွန်တော် တို့ ကာကွယ်ပေးရ မှာပါ …
အဲ့ အတွက် မိဘပြည်သူ များကို တောင်းဆို ပါရစေ … ကျွန်တော်တို့ တွေရဲ့ မွေးရာပါ တာဝန် တစ်ခုဟာ အ မိမြန်မာနိုင်ငံတော် ကြီးကို ကာကွယ် ပေးဖို့ပါ … မြန်မာ နိုင်ငံသူ / သား တွေ ကို ကာကွယ်ပေး ဖို့ပါ … ကျွန်တော် တို့ တာဝန် ကို ကျွန်တော် တို့ ကျေပွန် စွာ ထမ်းဆောင် ပေးပါ့မယ် … မိဘ ပြည်သူ များ အားလုံး ကလဲ ကျွန်တော် တို့ အနောက် ကို ဆုတ် ပေးပါ ပြော တာနဲ့ မပြေး ပဲ တဖြေးဖြေးချင်း စီ လူစု ခွဲပေးကြပါ ခင်ဗျာ …
မနေ့ က Mm plaza မှာ ကျွန်တော် တို့ Special Operators နဲ့ Rescue Task Force ( R .T .F ) ကို ကူညီပေး တဲ့ ညီအ ကို မောင်နှမ အပေါင်း အား ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျာ ကျွန်တော် တို့လဲ ဆက်လက် ပြီး ကြိုးစား ပါ့မယ် … ထိခိုက် နစ်နာမှု အနည်းဆုံး လမ်းကို ရွေး ပြီး လျှောက် ပါ့မယ်ခင်ဗျာ …
zawgyi
မိဘပြည်သူ များခင်ဗျာ