
Posted on




Source: Zin Yaw Mg Mg’s fb

ငယ်ငယ်ကတည်းက တူလိုသားလို ချစ်ရတဲ့ မင်းသန့်မောင်မောင်နဲ့ ရိုက်ကွင်းပေါ်မှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့ ထက်ထက်မိုးဦး

လွန်ခဲ့တဲ့ အနှစ် (၃၀) ကတည်းကနေ ဒီနေ့ ဒီအချိန်ထိ ပရိသတ်တွေ အချစ် မလျော့ပဲ ချစ်ခင်အားပေးရတဲ့ ထက်ထက်မိုးဦး ကတော့ ပရိသတ်တွေ အတွက် အချစ်ရဆုံး အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ဘယ်တော့မှ အချစ်မလျော့သွား ချင်စရာ အမူအယာ၊ အပြောအဆိုလေး တွေကြောင့် ပရိသတ်တွေသာမက အနုပညာ အသိုင်းအဝိုင်းတစ်ခုလုံး ကလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး ကလည်း သူမကိုချစ်ကြတဲ့သူ တစ်ဦးတစ်ယောက်ချင်း စီတိုင်းကို လေးလေးစားစားနဲ့ မေတ္တာတုံ့ပြန်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ အပေါ်လေးစားသလို ဂျူနီယာအငယ်တွေ အပေါ်မှာလည်း ချစ်စရာကောင်းစွာ ဆက်ဆံတတ်တဲ့ ထက်ထက်မိုးဦးက ဒီတစ်ခေါက် မှာတော့ သူမချစ်ရတဲ့ သရုပ်ဆောင် မေသန်းနုရဲ့ သားလေး မင်းသန့်မောင်မောင်နဲ့ ရိုက်ကွင်းလေး တစ်ခုမှာ ဆုံတွေ့ခဲ့ပါတယ်။ မင်းသန့်မောင်မောင် ကတော့ ငယ်ငယ်ကတည်းက ထက်ထက်မိုးဦးမြင်တွေ့ခဲ့ ရသူလေးဖြစ်ပြီး အခုလို အရွယ်ရောက်ပြီး လူပျိုပေါက်ဖြစ်လာချိန် မှာလည်း ထက်ထက်မိုးဦး ချစ်နေရဆဲ တူလေး၊ သားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦး ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ သရုပ်ဆောင်ရင်း မင်းသန့်လေးနဲ့ ဆုံတွေ့ ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင့်းသန့်နဲ့ ထက်ထက် တို့ရဲ့ ချစ်စရာပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Zin Yaw Mg Mg’s fb

Leave a Reply

Your email address will not be published. Required fields are marked *