ခြိမ့်ကေကို(ဘနားနား) လွတ်လပ်ရေးနေ့မှာ အဖမ်းခံလိုက်ပါပြီ…(အပြည့်အစုံ)

Posted on

သဘာဝဘေး အန္တာရယ် ဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ အမှုဖွင့် ခံထားရတဲ့ ခြိမ့်ကေကို ဟာ ဇန်နဝါရီလ (၄)ရက် ၊ လွပ်လပ်ရေးနေ့ မှာ အဖမ်းခံခဲ့ တယ်လို့ ဟာသသရုပ် ဆောင် ဒိန်းဒေါင် ရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ ဒီနေ့ မနက်ပိုင်း လောက်က ရေးသား ထားပါတယ် ။ “ မင်းငါ့စကားကို နားထောင်ပြီး အဖမ်းခံလိုက် တဲ့ အတွက် ကျေနပ် တယ် ။ လိုအပ်ရင် တတ်နိုင် သလောက် ကူညီမယ် စိတ်ချ ”လို့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ ရေးသား အသိပေး ထား တာ ပါ ။

ခြိမ့်ကေကို က တော့ ကိုဗစ် ကာလ အတွင်း ခွင့်ပြုချက် မရှိပဲ လူစု လူဝေးနဲ့ ဒီဇင်ဘာလ (၃)ရက် နေ့က ပြုလုပ် ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မြစ်သား မြို့နယ်၊ မင်းဝန်ကျေးရွာ ရှိ မွေးနေ့ပွဲ တစ်ခုမှာ သီဆို ဖျော်ဖြေခဲ့ တာကြောင့် သဘာဝဘေး အန္တာရယ် ဆိုင်ရာ ဥပဒေ ပုဒ်မ  ၂၅/၃၀ (က) အရ အမှုဖွင့် ခံလိုက် ရတာ ဖြစ် ပါတယ် ။

ခြိမ့်ကေကို က ဒီဇင်ဘာလ (၆)ရက် နေ့ တုန်း ကလည်း အမှုဖွင့် ခံရတာနဲ့ ပတ်သက် ပြီး ခွင့်လွတ် ပေး ဖို့ကို လူမှု ကွန်ရက် စာမျက်နှာ ကနေ ရေးသား တောင်းပန်ထား ခဲ့ ပါသေး တယ် ။ ခြိမ့်ကေကို ဟာ မြန်မာ အိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး ဒိုင် တစ်ဦးဖြစ်သူ မြန်မာပြည် သိန်းတန် ရဲ့ ငှက်ပျောသီး ကျွေးရာမှ တဆင့် လူသိများ လာခဲ့ပြီး ဘနားနားဟု လည်း Nickname ပေးပြီး ခေါ်ခဲ့ကြတာဖြစ် ပါ တယ် ။

zawgyi

သဘာဝေဘး အႏၲာရယ္ ဆိုင္ရာ ဥပေဒ ပုဒ္မနဲ႔ အမႈဖြင့္ ခံထားရတဲ့ ၿခိမ့္ေကကို ဟာ ဇန္နဝါရီလ (၄)ရက္ ၊ လြပ္လပ္ေရးေန႔ မွာ အဖမ္းခံခဲ့ တယ္လို႔ ဟာသသ႐ုပ္ ေဆာင္ ဒိန္းေဒါင္ ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာ မွာ ဒီေန႔ မနက္ပိုင္း ေလာက္က ေရးသား ထားပါတယ္ ။ “ မင္းငါ့စကားကို နားေထာင္ၿပီး အဖမ္းခံလိုက္ တဲ့ အတြက္ ေက်နပ္ တယ္ ။ လိုအပ္ရင္ တတ္နိုင္ သေလာက္ ကူညီမယ္ စိတ္ခ် ”လို႔ ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္က သူရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာ ကေန ေရးသား အသိေပး ထား တာ ပါ ။

ၿခိမ့္ေကကို က ေတာ့ ကိုဗစ္ ကာလ အတြင္း ခြင့္ျပဳခ်က္ မရွိပဲ လူစု လူေဝးနဲ႔ ဒီဇင္ဘာလ (၃)ရက္ ေန႔က ျပဳလုပ္ ခဲ့တဲ့ မႏၲေလးတိုင္း ေဒသႀကီး၊ ျမစ္သား ၿမိဳ႕နယ္၊ မင္းဝန္ေက်းရြာ ရွိ ေမြးေန႔ပြဲ တစ္ခုမွာ သီဆို ေဖ်ာ္ေျဖခဲ့ တာေၾကာင့္ သဘာဝေဘး အႏၲာရယ္ ဆိုင္ရာ ဥပေဒ ပုဒ္မ  ၂၅/၃၀ (က) အရ အမႈဖြင့္ ခံလိုက္ ရတာ ျဖစ္ ပါတယ္ ။

ၿခိမ့္ေကကို က ဒီဇင္ဘာလ (၆)ရက္ ေန႔ တုန္း ကလည္း အမႈဖြင့္ ခံရတာနဲ႔ ပတ္သက္ ၿပီး ခြင့္လြတ္ ေပး ဖို႔ကို လူမႈ ကြန္ရက္ စာမ်က္ႏွာ ကေန ေရးသား ေတာင္းပန္ထား ခဲ့ ပါေသး တယ္ ။ ၿခိမ့္ေကကို ဟာ ျမန္မာ အိုင္ေဒါ သီခ်င္းဆို ၿပိဳင္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္ၿပီး ဒိုင္ တစ္ဦးျဖစ္သူ ျမန္မာျပည္ သိန္းတန္ ရဲ့ ငွက္ေပ်ာသီး ေကၽြးရာမွ တဆင့္ လူသိမ်ား လာခဲ့ၿပီး ဘနားနားဟု လည္း Nickname ေပးၿပီး ေခၚခဲ့ၾကတာျဖစ္ ပါ တယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *